စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, October 2, 2019

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ

Well ကို အာမေဋိတ် အဖြစ်သုံးတဲ့အခါ ထူးဆန်းတဲ့ အဓိပ္ပါယ်တွေ များစွာမှ များစွာ ............................................................................... ဒီ well ဆိုတဲ့စာလုံးလေးက word form အမျိုးမျိုးရှိပြီး အာမေဋိတ်အဖြစ်သုံးလျှင်တော့ ၀ါကျအနေအထားပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ တစ်လှေကြီး ဖြစ်နေပြန်ပါတယ် အဲဒီအထဲကနေ အလျှဉ်းသင့်ရာလေးတွေ ရွေးပြီး တင်ဆက်လိုက်ပါတယ် ။ သူ့အဓိပ္ပါယ် တချို့ကို စီပြီး ရေးကြည့်မယ်ဆိုလျှင် . (adv) ကောင်းစွာ ၊ တော်တော်လေး (adj) နေကောင်းသော ၊ ကျန်းမာသော (n) ရေတွင်း ၊ ရေနံတွင်း (v) လျှံထွက်ကျသည် (intj) ကိုင်း ၊ ကဲ (အံ့သြခြင်း ဒေါသဖြစ်ခြင်းကို ပြဖို့) ...... တော်ပါသေးရဲ့ ( စိတ်သက်သာရာ ရခြင်းကို ပြဖို့) ...... အင်းလေ (မတတ်သာ၍ လက်ခံရသည့် သဘောကို ပြဖို့) ...... ကောင်းပြီလေ ၊ ဟုတ်ပါပြီ (လက်ခံကြောင်း ၊ နားလည်ကြောင်းပြဖို့) ...... အေးပါ ၊ အင်းပါ (စိတ်မပါ့တပါနဲ့ သဘောတူကြောင်း ပြဖို့) ...... အော ၊ အင်း ၊ အဲ ၊ ကဲ ( စကားစပြန်ကောက် ၊ စကားလမ်းကြောင်းပြောင်း ၊ မသေချာဇဝေဇ၀ါဖြစ်ကြောင်းပြ ၊ စကားလက်စသတ် ) ဖို့တွေ ...... အဲလေယောင်လို့ (ဘွာခတ်ကြောင်းပြောဖို့) ... စသည်ဖြင့် ရေးလို့တောင် မဆုံးနိုင်တဲ့ အာမေဋိတ် အသုံးတွေ အဘိဓါန်မှာ ရှိနေပါတယ် ။ အကုန်လုံး ဒီမှာ ပြန်ကူးရေးလျှင် ဖတ်ဖို့ပျင်းကုန်ကြပါလိမ့်မယ် ။ စာလုံး တစ်လုံးတည်းကနေ အမျိုးမျိုး ရနေတော့ ဘာသာပြန်ရတာဂွကျ နေတတ်တဲ့အတွက်လည်း ၀ါကျဆောက်နည်း စာအုပ်လေးထဲကနေ တွေ့တာလေးကိုပဲ တင်ဆက်လိုက်ပါတယ် .. ... (1) Well ကို.. ဖြေဖို့ အဆင်မပြေတဲ့ မေးခွန်းတစ်ခုကို ယတိပြတ်မဖြေဘဲ အနည်းငယ် အချိန်ဆွဲကာ ဝေ့လည်ကြောင်ပတ်လုပ်ပြီး တုန့်ပြန်ဖို့ အတွက် သုံးနိုင်ပါတယ် Well can be used to stall for a little time, often in response to a difficult or uncomfortable comment. For example: ... (1.1.a) I expect you in my office in an hour. ခင်ဗျား ကျနော့်ရုံးခန်းကို နောက်တစ်နာရီမှာ လာစေချင်ပါတယ် (1.1.b) Well, let me check my calendar. အင်း .. ဟိုလေ.. ကျနော် ချိန်းဆိုလက်ခံထားတဲ့ အချိန်စာရင်းလေး ကြည့်လိုက်ပါဦးမယ် ... (1.2.a) Can you answer my question? ခင်ဗျား ကျနော့်မေးခွန်းကို ဖြေကြားပေးနိုင်မလား (1.2.b) Well, let me think about that for a moment. အဲ.. ဟိုဟာလေ .. အဲဒါနဲ့ပတ်သက်ပြီး ခဏတစ်ဖြုတ်လောက် စဉ်းစားပါရစေဦး .................................................................................... (2) အံ့သြမှုကို ဖေါ်ပြတဲ့ ၀ါကျတစ်ခုကို စတင်ဖို့အတွက်လည်း သုံးပါတယ် ။ အာမေဋိတ် မပါဘဲ အံ့သြမှုကို ဖေါ်ပြနိုင်သလို well ပေါင်းထည့်ခြင်းဟာ အလေးပေးဖေါ်ပြမှု သဘောကို ဆောင်ပါတယ် ။ It also introduces a sentence that expresses surprise. Although surprise can be expressed without the interjection, the addition of well provides emphasis. . (2.1) Well, I certainly didn’t expect to get a speeding ticket. အလိုလေး.. အမြန်နှုန်းပိုမောင်းလို့ ချလံဖြတ်ခံရမှာကို လုံးဝ မမျှော်လင့်ခဲ့မိပါဘူးဗျာ .......................................................................................... (3) စိတ်မရှည်မှုကိုလည်း ဖေါ်ပြနိုင်ပါတယ် .. well အာမေဋိတ် ပါတာနဲ့ မပါတာကို နှိင်းယှဉ်ကြည့်ပါ In can also express impatience. Compare the following pairs of sentences: . (3.1.a) Are you ready? အဆင်သင့် ဖြစ်ပြီလား (3.1.b) Well, are you ready? ဟာကွာ .. အဆင်သင့် ဖြစ်ပြီလားကွ ............... (3.2.a) You’re going to be late again. ထပ်ပြီး နောက်ကျတော့မယ်နော် (3.2.b) Well, you’re going to be late again. ကဲ...... ထပ်ပြီး နောက်ကျဦးတော့မှာပဲ ............................................................................ ဘယ်လိုသဘော ဖြစ်တယ်လို့ သိပြီးတာတောင်မှ မြန်မာစကားလုံး ကွက်တိဖြစ်ဖို့ စဉ်းစားရကျပ်ခဲ့ပါတယ် ။ အဲဒါ well ပါပဲဗျာ .. ...... ဝေါဟာရများ ... interjection (interj) အာမေဋိတ် stall (v) ယတိပြတ်မဖြေ ဝေ့လည်ကြောင်ပတ်လုပ်၍ အချိန်ဆွဲသည် certainly (adv) ကြံကြံဖန်ဖန် ၊ ကြံကြီးစည်ရာ . Source: English Sentence Builder by Ed Swick . မေတ္တာဖြင့် heart emoticon Mine coins - make money: http://bit.ly/money_crypto https://web.facebook.com/winnaing.oo.79?__tn__=%2Cd%2AF%2AF-R&eid=ARBgmemQoYxSiuW6dC8sIPaO5uOlmDpL5k79CsQaMy8rcLg-zjC8QgO34jwJF4EXcjhdf6bx7up2MsPp&tn-str=%2AF

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙