စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, October 2, 2019

ဒီမိုကရေစီ (Democracy) ထက်သာတဲ့ အက်ဆိုကရေစီ (Aksocracy)

ဒီမိုကရေစီ (Democracy) ထက်သာတဲ့ အက်ဆိုကရေစီ (Aksocracy) ========================= နိုင်ငံရေးကို လေ့လာသုံးသပ်တဲ့အခါ ဘာတွေသိဖို့လိုသလဲဆိုတော့ ၁။ Who Governs? ဘယ်သူအုပ်ချုပ်သလဲ ဆိုတဲ့မေးခွန်းပါ။ မြန်မာပြည်မှာ ဘုရင်တွေအဆက်ဆက်အုပ်ချုပ်ရာမှ သီပေါဘုရင်အပြီးကစလို့ လက်နက်အင်အားကြီးပိုင်နိုင်သူကပဲအုပ်ချုပ်ခဲ့တာပါ။ လက်ရှိပြည်သူ့အစိုးရဆိုပြီး တက်လာချိန်မှာတော့ Who governs? ဘယ်သူအုပ်ချုပ်နေလဲ ဆိုတဲ့မေးခွန်းအတွက် သမ္မတလား၊ နိုင်တိုင်ခံလား၊ တပ်ချုပ်လား ဆိုတာ ဖြေဖို့ခက်လှပါတယ်။ ၂။ For what ends? ဘာရည်ရွယ်ချက်လဲ ဆိုတာ ဒုတိယမေးခွန်းပါ။ ဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ခြေဥပြင်ဆင်ရေးလို့ဆိုပေမယ့် လက်ရှိ ဖြစ်ပေါ်နေတဲ့ကစားကွက်နဲ့ရလဒ်တွေအရဆိုရင် ရည်ရွယ်ချက်တွေက မှုန်ဝါးလွန်းနေလှပါတယ်။ ၃။ By what means? ဘယ်စနစ်သုံးလဲ ဆိုတဲ့မေးခွန်းအတွက်တော့ Democracy လို့ပဲဖြေရမှာပါ။ Democracy စနစ်ဆိုတာ A system in which everyone is equal and has the right to vote, make decisions etc.လူတိုင်းအတွက် အခွင့်အရေးညီမျှမှုရှိပြီး မဲပေးခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတွေအတွက် ပြည်သူအများက အာဏာရှိစေရတယ်။ နောက်စနစ်တစ်ခုက အော်တိုကရေစီ Autocracy လို့ခေါ်တယ်။ သူက ဒီမိုကရေစီစနစ်ရဲ့ပြောင်းပြန်ဖြစ်ပြီး A system of government in which one person or group has unlimited power and it is completely controlled by one powerful personတဲ့။.အော်တိုကရေစီ ဆိုတာက အာဏာပါဝါမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကသာ လုံးဝဥဿုံထိန်းချုပ်ထားခြင်းဖြစ်တယ်။ လက်ရှိမြန်မာနိုင်ငံရေးဟာ ဒီမိုကရေစီစနစ်ဆိုပေမယ့် အော်တိုကရေစီထဲမှာပဲ နွံနစ်နေရဆဲလို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီသဘောနဲ့လုံးဝကိုက်ညီတာက အစိုးရကို ပြည်သူတွေက ရွေးချယ်ထားတာဖြစ်တယ်။ ပြည်သူတွေဆိုရာမှာ အသက်၁၈နှစ်အောက်နဲ့ သာသနာ့ဝန်ထမ်းတွေတော့ မပါဘူး။ ဒါပေမဲ့သူတို့လည်း ဥပဒေရဲ့အပြစ်ဒဏ်တော့ ခံရတာပါပဲ။ ကိုယ်မရွေးခဲ့သူရဲ့ ဥပဒေအတိုင်းနေရတာတော့ မပြည့်စုံဘူးလို့ ယူဆရတယ်။ ဒီမိုကရေစီနည်းအတိုင်း ပြည်သူအများဆန္ဒအမှန်နဲ့ရွေးချယ်ကြတယ်ဆိုပေမယ့် အုပ်ချုပ်သူအမှန်အကန်ကို မရခဲ့ကြဘူးဆိုတော့ကား လက်တွေ့အားဖြင့်ကြည့်ရင် ဒီမိုကရေစီစနစ်ကလည်း အလုပ်မဖြစ်သေးဘူးလို့ဆိုရမယ်။ အုပ်ချုပ်သူလူတော်လူကောင်းတွေရဖို့ဆိုရာမှာ လက်ရှိအစိုးရက ပြည်ပက နာမည်ကြီးပုဂ္ဂိုလ်တွေကို ငှါးရမ်းခေါ်ယူနေရတာတွေ့လာရတယ်။ ဝေလငါးကိုလိုချင်ရင် ရေအိုင်ထဲမှာ ရှာလို့မတွေ့နိုင်ဘူးဆိုတော့ကား ပြည်ပကငှါးရမ်းခြင်းကို မှားတယ်လို့မဆိုနိုင်ပါဘူး။ ဒီလိုငှါးရမ်းမှုက ဈေးကြီးတယ်။ ရှာဖွေရတာ အလုပ်ပိုတယ်။ အများရွေးချယ်မှုလည်းမဟုတ်ဘူး။ပြီးတော့ လူတော်ပေမယ့် ယုတ်မာမှုက အဆစ်ပါလာတတ်တယ်။ လူတော်လည်း ရချင်တယ်၊ဖြူစင်ရိုးသားမှုလည်းရချင်တယ်ဆိုရင် လူတော်လူကောင်းရှာဖွေအုပ်ချုပ်စနစ် အက်ဆိုကရေစီAksocracy ကိုကျင့်သုံးလာရလိမ့်မယ်။ Aksocracy - a system of government in which one noble and genious person or group has unlimited power and it is completely controlled by one noble and genious person or group. အက်ဆိုကရေစီစနစ်ရဲ့အဓိကရည်ရွယ်ချက်က နေရာဒေသအသားရောင်မခွဲခြားဘဲ ကိုယ်ကျင့်ဖြူစင်ပြီး ဉာဏ်ပညာကြီးမြင့်သူ လူတစ်စုက အုပ်ချုပ်ပေးခြင်းဖြစ်တယ်။ အများဆန္ဒကို အတည်ယူကြမယ်ဆိုရင် လူလိမ္မာ ၁ ယောက်ရဲ့အမှန်တရားကို လူမိုက်၂ယောက်ရဲ့အမှားက မဲနဲ့အနိုင်ယူလို့ရတဲ့စနစ် ဖြစ်နေတယ်။ အက်ဆိုကရေစီစနစ်က ကိုယ့်ကျင့်တရားကိုအခြေခံပြီး ဉာဏ်ပညာနဲ့သွားတဲ့စနစ်ဖြစ်လို့ အမှားနည်းစေတယ်။ ဒုက္ခနည်းပြီး အကျိုးများစေတယ်။ ဒါကြောင့် ဒီမိုကရေစီထက် အက်ဆိုကရေစီစနစ်ကို ပိုပြီးသဘောကျတယ်....။ Mine coins - make money: http://bit.ly/money_crypto

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙