စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, September 17, 2018

မသန်စွမ်းမှုရှိနေသောသူများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဖော်ပြရန် နည်းလမ်းများ

မသန်စွမ်းမှုရှိနေသောသူများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဖော်ပြရန် နည်းလမ်းများ
▬▬▬▬▬▬▬▬▬▬▬
မသန်စွမ်းဖြစ်နေတဲ့ သူတွေ (သို့) နာတာရှည် မကျန်းမမာဖြစ်နေတဲ့သူတွေကို ရည်ညွှန်းခေါ်ဝေါ်တဲ့ အခါ အဓိကအချက်ကတော့ တခြားသူတွေရဲ့ ခံစားချက်ကို စာနာတတ်ဖို့ပါပဲ။

The Two Extremes (အစွန်းနှစ်ဖက်)
▬▬▬▬▬▬▬▬
အချိန်တွေလည်း ပြောင်းကုန်ပါပြီ။ အခုအခါမှာ "Hey, I saw a deaf and dumb cripple today" (ဟေး ဒီနေ့ ငါ ကန်းပြီးနားပင်းနေတဲ့ မသန်စွမ်းလူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။) ဆိုတဲ့ အပြောမျိုးကို ဘယ်လိုနည်းနဲ့မှ လက်မခံတော့ပါဘူး။ အဲဒီလိုပြောခြင်းဟာ အလွန်စော်ကားရိုင်းစိုင်းရာ ရောက်ပါတယ်။

သင့်အနေနဲ့ တခြားသူကို စော်ကားလိုစိတ်ရှိတဲ့ ဇာတ်ကောင်အကြောင်းဇာတ်လမ်းအရရေးနေတာ မဟုတ်ဘူးဆိုရင်တော့ crippled (မသန်စွမ်းသော)၊ mute (ဆွံ့အသော)၊ deaf-mute (ဆွံ့အနားမကြားသူ)နဲ့ deaf and dumb (နားမကြားပြီး ဆွံ့အသော) ဆိုတဲ့ စကားလုံးတွေကို သင့်ဝေါဟာရစာရင်းကနေ ဖယ်ရှားပစ်ဖို့ လိုပါတယ်။

ဒါပေမဲ့လည်း တချို့လူတွေက ရောဂါ (diseases) နဲ့ အခြေအနေ (conditions) တွေနဲ့ ပတ်သက်လို့ ပြောဆိုတဲ့အခါ ကြားရတဲ့သူ သက်သာစေဖို့ရာ စကားလုံးအနုအလှတွေကို တီထွင်ကြပါတယ်။ ဒါပေမဲ့လည်း "differently abled" (မတူညီသော စွမ်းဆောင်မှုရှိသော) နဲ့ "handicapable" (ချို့တဲ့မှုရှိသော) တို့ဟာ နှိမ်တဲ့ သဘောရှိတယ်လို့ ယူဆကြပါတယ်။ ၄င်းနဲ့ပတ်သက်လို့ အလွန်တရာ သဘောကောင်း ပြဖို့လည်း မလို အပ်ပါဘူး။

The Middle Road (အလယ်အလတ်လမ်း)
▬▬▬▬▬▬▬▬
ဒါဆိုရင် လမ်းမလျှောက်နိုင်တဲ့သူတွေ၊ နားမကြားတဲ့သူတွေဟာ သူတို့ကို ဘယ်လို ရည်ညွှန်းစေချင် တာပါလဲ?။ ယခုအခါမှာ အများက ပိုနှစ်သက်တာကတော့ disability (မသန်စွမ်းဖြစ်မှု) နဲ့ disabled (မသန်စွမ်းဖြစ်သော) တို့ပဲ ဖြစ်ပါတယ်။ ၄င်းစကားလုံးတွေကို handicap နဲ့ handicapped ဆိုတဲ့ စကားလုံးတွေ အစား အသုံးပြုတာဖြစ်ပါတယ်။ အခုအခါမှာ တစ်စုံတစ်ယောက်ကို "handicapped" လို့ ခေါ်ဝေါ်တာကို ခွင့်မပြု တော့ပါဘူး။ ဒါပေမဲ့ ၄င်းကို "handicapped parking" ကဲ့သို့သော ရိုးရိုးအသုံးအနှုန်းအနေနဲ့တော့ အသုံး ပြုနိုင်ပါတယ်။

မသန်စွမ်းသော သူတစ်ယောက်ယောက်ကို မဖြစ်မနေ ရည်ညွှန်းရတော့မယ်ဆိုရင်တော့ "He is disabled" (သို့) "He is a disabled person" လို့ပြောတာထက် "He is a person with disabilities" က ပိုမို ကောင်းမွန်ပါတယ်။ "A person with cerebral palsy" (ဦးနှောက်ချွတ်ယွင်းမှုကြောင့် ကိုယ်အင်္ဂါအချို့ မလှုပ်ရှားနိုင်သော ရောဂါရှိသူ) ဆိုတဲ့ စကားအသုံးအနှုန်းဟာ တစ်မျိုးကြီးဖြစ်ပေမဲ့လည်း ဒီမသန်စွမ်းဖြစ်နေသူ များနှင့် သူတို့ကို ပြုစုစောင့်ရှောက်ပေးသော အဖွဲ့အစည်းများက ဒီစကားရပ်ကို နှစ်သက်တဲ့အတွက် သူတို့ရဲ့ ဆန္ဒကို လေးစားသောအားဖြင့် အထက်ပါအတိုင်းပဲ ပြောကြပါတယ်။

ယခုအခါမှာ လူ့အဖွဲ့အစည်းဟာ လူသားအားလုံးအပေါ် ပိုပြီး စာနာတတ်လာတဲ့အတွက် ကျွန်ုပ်တို့အနေ နဲ့ မသန်စွမ်းမှုနှင့်ဆိုင်သော ကျင့်ဝတ် (disability etiquette) ကို လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။

ဥပမာ ပြောရမယ်ဆိုရင် The United Spinal Association ကြီးဟာ အမျိုးစုံသော ချွတ်ယွင်းချက်ရှိတဲ့ သူတွေအပေါ် ဘယ်လို စာနာရမယ်ဆိုတဲ့အကြောင်းကို PDF ၃၆ မျက်နှာ နဲ့ online မှာ ဖော်ပြထားပါတယ်။
ဒီအဖွဲ့အစည်းက ကျွန်ုပ်တို့ကို ဒီမသန်စွမ်းတဲ့သူတွေဟာ မိဘတွေ၊အလုပ်အကိုင်တွေ၊ ၀ါသနာတွေ၊ အကြိုက်တွေ၊ မကြိုက်တာ တွေ၊ ပြဿနာတွေနဲ့ ပျော်ရွှင်မှုတွေရှိကြတဲ့ လူသားတွေပါပဲဆိုတာ သတိပေးနေပါတယ်။ သူတို့ရဲ့ မသန်စွမ်းမှုဟာ သူတို့နဲ့ တစ်သားတည်းဖြစ်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့လည်း ဒီတစ်ခုတည်းအပေါ် ကြည့်ပြီး သူတို့ဟာ ဘယ်လိုလူဆိုတာကို မသတ်မှတ်ပါဘူး။ သူတို့ကို မသန်စွမ်းလူစွမ်းကောင်း(သို့) မသန်စွမ်း သားကောင်အဖြစ်ကို မရောက်ပါစေနဲ့။ သူတို့ကို သာမန်လူသားတစ်ယောက်အနေနဲ့ပဲ ဆက်ဆံပါ။

Specific Conditions (တိကျတဲ့ အခြေအနေများ)
▬▬▬▬▬▬▬▬▬
သင့်အနေဖြင့် အမြင်၊ အကြား၊ လှုပ်ရှားမှုပြဿနာများ (သို့) ရောဂါတိတိကျကျရှိတဲ့သူတွေကို ဘယ်လို ခေါ်မလဲဆိုပြီး စဉ်းစားကောင်း စဉ်းစားနေနိုင်ပါတယ်။ တစ်စုံတစ်ယောက်ကို "blind" လို့ ရည်ညွှန်းတာ လက်ခံ ကြပေမဲ့ "a blind person" လို့ပြောတာထက် "a person who is blind" လို့ ပြောတာက ပိုကောင်းပါတယ်။
ဒါပေမဲ့ "The American Council of the Blind" တွေကဲ့သို့သော မသန်စွမ်းတဲ့ သူတွေကို ပြုစုစောင့်ရှောက် တဲ့ အဖွဲ့တွေမှာတော့ ခေတ်ဟောင်းရဲ့ ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ အခေါ်အဝေါ်တွေ ရှိနေတုန်းပါပဲ။
"Perkins School of Blind" ကလည်း မျက်စိကွယ်နေတဲ့ သူတွေကို "people with visual impairments" (သို့) "people who are visually impaired" (အမြင်အာရုံချွတ်ယွင်းသူများ) လို့ ရည်ညွှန်းပါတယ်။

နားမကြားသူ (သို့) နားလေးနေသူတစ်ယောက်ကို "hard of hearing" (သို့) deaf လို့ သုံးနှုန်းရည်ညွှန်းနိုင်ပါတယ်။ "Deaf" ဆိုတဲ့အခေါ်အဝေါ်ကို ရှောင်ရှားဖို့မလိုပါဘူး။ တကယ်ဆိုရင် Deaf culture (နားမကြားသူတို့ရဲ့ လေ့ကျင့်ပျိုးထောင်မှု) ဆိုတဲ့ အဖွဲ့အစည်းတောင် ရှိသေးတယ်။ အဲဒီအဖွဲ့အစည်းမှာပါတဲ့ Deaf စာလုံးကို အက္ခရာအကြီးပဲ သုံးတယ်။ ဒီအဖွဲ့ထဲမှာပါတဲ့ အဖွဲ့ဝင်တွေကတော့ အမေရိကန် လက်ဟန်အနေအထားနဲ့ နားလည်စေတဲ့ ဆက်သွယ်မှုစနစ် (American Sign Language) ကို အသုံးပြုရတာကို သဘောကျနှစ်သက်တဲ့သူတွေပဲ ဖြစ်ပါတယ်။

ဘီးတပ်ကုလားထိုင် (wheelchair) ကို အသုံးပြုသူတစ်ယောက်ကိုတော့ "wheelchair user" လို့ ရည်ညွှန်းနိုင်ပါတယ်။ "confined to a wheelchair" (wheelchair အပေါ်မှာပဲ အမြဲနေရတယ်) လို့ ရည်ညွှန်းတာ ကတော့ မသင့်တော်ဘူးလို့ ယူဆကြပါတယ်။

ပန်းနာရင်ကျပ်မှ သွေးချိုဆီးချိုမှသည် ကင်ဆာအစရှိတဲ့ ရောဂါအမျိုးမျိုးရှိကြတဲ့ သူတွေကို ကျတော့ "a person with asthma" (ပန်းနာရင်ကြပ်ရှိသောသူ) (သို့) " a person who has diabetes" (ဆီးချိုသွေးချို ရှိသောသူ) စသဖြင့် ခေါ်ဝေါ်နိုင်ပါသည်။ ဒီလူတွေဟာ asthmatic (ပန်းနာသည်) (သို့) diabetic ဆီးချိုသမား ဖြစ်ပေမဲ့လည်း သူတို့ရဲ့ ရောဂါတွေက သူတို့ကို ဘယ်သူဘယ်ဝါဆိုတာကို သတ်မှတ်ပေးတာ မဟုတ်ပါဘူး။

Summary (အကျဉ်းချုပ်)
▬▬▬▬▬
အတိုချုပ်ပြောရရင်တော့ လူတစ်ဦးတစ်ယောက်ဟာ ဘယ်လို မသန်စွမ်းမှုပဲရှိရှိ၊ ထိုသူနဲ့ ဆက်ဆံတဲ့ အခါ ယဉ်ကျေးပြီး စာနာဖို့ လိုအပ်ပြီး ရည်ညွှန်းတဲ့အခေါ်အဝေါ်ကလည်း သင့်တော်ဖို့လိုပါတယ်။

QuickandDirtyTips.com မှ Bonnie Trenga ၏ What to Call People With Disabilities ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

မူရင်းလင့်>>>.>>>
Read more: မသန်စွမ်းမှုရှိနေသောသူများကို အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုဖော်ပြရန် နည်းလမ်းများ - Myanmar Network http://www.myanmar-network.net/forum/topics/3423487:Topic:1043703#ixzz3k02v5cMI


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙