ချစ်သူကိုကွန်ပြူတာထဲ ထည်းသိမ်း
by Shwe Aeim Si on Saturday, February 4, 2012 at 4:06pm ·

လောကမှာ တစ်ခါတစ်ခါကျတော့လဲ ကိုယ်က သူများကို စွန့်ခွာတယ်၊ တစ်ခါတစ်ခါကျတော့လဲ သူများက ကိုယ့်ကိုစွန့်ခွာတယ်။ ဒါပေမယ့် ဘာမှ မမြဲတတ်ပါဘူး။
စိတ်ချမ်းသာရာ ရဖို့ဆိုတာလဲ ကိုယ့်စိတ်ကို ထားတတ်ဖို့၊ ဖြေသိမ့်တတ်ဖို့ လိုတယ်။ ပြဿနာကို ဆွဲဆန့်နေရင် ဘယ်တော့မှ မပြီးဘူး။ ကိုယ့်စိတ်ကို ပင်ပန်းဆင်းရဲ ထိခိုက်စေမယ့်ဟာတွေကို ဘာတစ်ခုမှ စိတ်ထဲမထားဖို့ တိုက်တွန်းနေတာနော်။
တကယ်တော့ တချို့ကိစ္စတွေမှာ ထင်ရတာရယ်၊ မြင်ရတာရယ်နဲ့ တကယ့်အဖြစ်အပျက်က ခြားနားနေတတ်တယ်နော်။ လူတိုင်းမှာတော့ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်ဆိုမျိုး တစ်ခုမက ရှိတတ်ကြတာပဲ။ ဒါပေမယ့် တကယ့်အဖြစ်အပျက်တွေဟာ အိပ်မက်လောက်လဲ မလှပတတ်သလို အိပ်မက် မက်နေသလောက်လဲ မလွယ်ကူတတ်ဘူး။
လက်ရှိကာလမှာ နေပါ။ ပျော်ရွှင်ခြင်းဆိုတာ ပစ္စုပ္ပန်အချိန်မှာ တည်ရှိနေပါတယ်။ သင့်ဘ၀ရဲ့ လက်ရှိနေရာ၊ လက်ရှိအချိန်မှာသာ ပျော်ရွှင်မှု ရှိနေပါတယ်။
ဘယ်တော့မှ နောင်တ မရပါနဲ့။ တကယ်လို့ ကိုယ်လုပ်လိုက်တဲ့ဟာက ကောင်းတယ်ဆိုရင် အံ့သြစရာပေါ့၊ ဆိုးတယ်ဆိုရင်တော့ ဒါဟာ အတွေ့အကြုံပေါ့။
မျှော်လင့်ခြင်းဆိုတာ ခံစားမှု မဟုတ်ဘူး။ အဲဒါ မင်းလုပ်တဲ့ အရာ။
စွန့်စားမှု မရှိတဲ့ဘ၀မှာ လှပချိုမြိန်ခြင်း မရှိဘူး။
စိတ်ဆန္ဒ အလိုကိုလိုက်တဲ့ မိန်းမ၊ ယောကျာ်းတွေဟာ ဘယ်လောက် ဂုဏ်သိက္ခာ၊ အဆင့်အတန်းမြင့်မြင့် တန်ဖိုးမရှိဘူး။
ကိစ္စတစ်ခုခုနဲ့ ပတ်သက်လာရင် အဲဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့လေ။ စိတ်လှုပ်ရှားတာက တကယ့် အရေးကိစ္စတွေမှာ တပန်းရှုံးတတ်တယ်ကွ။
အရမ်းချစ်တတ်တဲ့ လူတွေအတွက် အကြံပေးချင်တာတော့ အသဲမာမာနဲ့ပဲ ချစ်ပါလို့။ အဲဒါဆို အသဲမကွဲတော့ဘူး။
လူတစ်ယောက်မှာ တဒင်္ဂရူးသွပ်မှုဆိုတာ ရှိတတ်ကြတယ်။ ဒါပေမယ့် အဲဒီရူးသွပ်မှုကို တသက်တာလုံး ဖက်တွယ်ထားမယ်ဆိုရင်တော့ ဒါဟာ မိုက်မဲမှု ဖြစ်သွားပြီ။

ဒီလိုစာတွေ နြ့ ..လူတကာကိုဆရာကြီးလုပ်တတ်တဲ့ ..ကျွန်တော့ကို..ကျွန်တော့ချစ်သူ စွန့် ခွါသွားတဲ့ အချိန်..အချစ်ကိုမခံစားနိုင်တော့ပါဘူး... ကြေကွဲနေတဲ့ ကျွန်တော့် ကိုတနေ့ တော့...သူငယ်ချင်းရိုးရာက..နင့်အချစ်တွေ ကို..မြုပ်နှံသဂြိုလ်ဖို့ လိုနေပါပြိတဲ့ .....။ဟုတ်တယ်နော်.....အချစ်ကိုမေ့ ပစ်ဖို့ ထက်..ကောင်းမွန်ရာဆုတောင်းပြီးဘဲ..အချစ်တွေ မြုပ်နှံလိုက်ဖို့ ...ချစ်သူကို...ကွန်ပြူတာထဲ ထည့် သိမ်းလိုက်ပါပြီ။
အသစ်တွေ့ လို့ ပြောင်းလဲသွားတဲ့ အပြုအမူတွေ ကို..မေ့ ပျောက်ဖို့  ကောင်းမွန်စွာပျော်ရွှင်ဖို့ ..ဆုတောင်းပေးယုံမှတပါး...........
စာကဗျာချစ်တဲ့ ....ရွှေအိမ်စည်
ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း
အချစ်တွေ အင်တာနက်မှာ
မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။
မိုက်မဲမှုတစ်ခုတဲ့လား
မူတွေများတဲ့ ငါ့ကဗျာလည်း
မကြိုက်တော့ဘူး
တွေဝေသွားတဲ့ ကောင်မလေးလည်း
ငါ့ အဝေးဆုံးမှာ တစ်ယောက်တည်း
အားနာပါတယ် အပြောအဆို
မျက်နှာပြောင်တိုက် အသုံးအနှုန်းလို့ ထင်ယောင်
၂၁ရာစုဟာ လတ်ဆတ်ဆူပွက်
သွေးကြွလွန်းတယ်
လူငယ်တွေကြားမှာ ရေပန်းစားသလို
ကိုရီယားစတိုင်နဲ့ ကုန်းပိုးချော့ရမလား
ဖုန်းကြော်ငြာသလို မက်ဆေ့ခ်ျ
ခဏခဏ ပို့ပြရမလား
ကမ္ဘာတစ်ဖက်မှာ မင်းငိုသံ ငါမကြားပါ
ဆောရီးပါ . . .
ငါရိုင်းများသွားလား
မိန်းမတွေရဲ့ လက်နက် မျက်ရည်နဲ့ မပစ်ခဲ့တဲ့ မင်း
ငါ့ဒီတစ်သက်ကျေးဇူးတင်တယ်
အလေး(၁၀)ကြိမ်ပြုလိုက်ပါရဲ့
စိတ်ကူးယဉ်ဆန်တဲ့ငါ
အိပ်မက်တွေ အကြိမ်ကြိမ်ယောင်သလို
ငါ့အနား လာနားတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့
ဆုတောင်းဖူးတယ်။
ငါ့ဖက်မှာ အမှောင်
မင်းဖက်မှာ လင်းပါစေ
ကောင်းကင်က လမင်းကို
အဖြေရှာဖူးပါတယ် မိန်းခလေးရယ်။
ဘ၀မျိုးစုံ မဖြတ်သန်းဘူးပေမယ့်
တောတောင်ရေမြေ သဘာဝဟာ
သူစိမ်းဖြစ်ခဲ့ဖူးပါတယ်။
လောကဓံကို ရေမပါမှန်းသိရဲ့နဲ့
ရေဘူးပေါက်နဲ့ ရေခတ်ခဲ့ဘူးတယ်
ခြင်းကျားနဲ့ငါးဖမ်းသလို
မင်းအချစ်တွေ ငါဖမ်းခဲ့ဘူးတယ်။
လကွယ်ညဟာ ငါတို့နှစ်ယောက်ကို
ခြားသွားတဲ့ စည်းလို
ဆက်ထုံးများတဲ့ ကြိုးတစ်ချောင်း
ငါတို့ရင်အုံထုတ်ချင်းပေါက် ချည်နှောင်သွားတယ်။
ဒီပွဲမှာ ငါရှုံးပါတယ်
မင်းနိုင်ပါတယ်
ခေါင်းပန်းလှန်သလို
ကျား/ဗိုလ်ဆွဲသလို နွှဲခဲ့ကြတာ မဟုတ်ဘဲ။
ငါအရှုံး မင်းအနိုင်
မင်းအရှုံး ငါအနိုင်
လွန်ဆွဲသလို နှစ်ဦးစလုံး
ရင်ဆိုင်လဲခဲ့ကြတယ် မဟုတ်လား။
တရုတ်ဘုန်းကြီးတစ်ပါးလို
“ဝေါ်မီတော်ဖု”နဲ့ဣနြေ္ဒဆောင်ရမလား
“ဝေါ်အိုက်နီ”ဆိုပြီး အချစ်ကို
ပြန်သီရမလား
မရေရာတာတွေ ခေါင်းစားနေခဲ့ပြီ
နေခဲ့တော့ လရိပ်ဖြူ
နေခဲ့တော့။
သံသရာတစ်ဖက်ကမ်းမှာ လမ်းမမြင်ပေမယ့်
လျှောက်ရမယ်မှန်း ငါသိခဲ့ပြီ
ကျန်ရစ်သူတစ်ယောက်ရဲ့ ဓားတစ်ရာ
မွှမ်းတဲ့ရင်ခွင်ကို
ခွေးတစ်ကောင်အဖြစ်နဲ့ ငါဦးခိုက်လိုက်ပါရဲ့
မင်းအချော့အမြူမှာ
ကြယ်အစင်းစင်း ကြွေသားစမ်းစေ
မှောင်မဲမဲထဲ ငါဆက်လျှောက်ရဲပါတယ်။
အနားလာပါ ငါမျှော်နေမယ်
အောက်တိုဘာမှာ ငါ့ရင်ခုန်သံ
သွေးစွန်းသွားခဲ့
မင်းမသိပေမယ့် ငါသိတယ်
နက္ခတ်ဆရာမသိတဲ့ နေကြတ်၊လကြတ် အခါသမယဟာ
အဲဒီကာလပေါ့
ဒါလီရေ. . . ငါ့နာရီတွေ ပျော့ခွေမသွားဘူး
ကြွပ်ဆတ်ကျိုးပျက်သွားတာကွ လို့
ငါအော်ခဲ့တယ်။
မျှော်လင့်ချက်ဟာ မီးကျိုးမောင်းပျက်
ရေကုန်သွားတဲ့ သင်္ကြန်သေနတ်
မီးလောင်သွားတဲ့ အချစ်တစ်စုံ
ပြာဖြစ်သွားမှ ဂဟေဆက်မရတော့သလို
၁…၂…၃…၎
မင်းနဲ့ငါ ၃နဲ့၎ လိုပြေးထွက်ခဲ့ပြီ
ပြဒါးလို အတက်အကျမမြန်ခဲ့သလို
သံလိုမမာကျောခဲ့ပါဘူး
ပြဒါးတစ်လမ်း သံတစ်လမ်းမှာ
မင်းနဲ့ငါ့ နာမည် ကမ္ဗည်းတင်ပြီ
အေးစက်ပေမယ့် ပေးဆပ်ခဲ့ကြပါတယ်
ဘယ်ရွေ့ဘယ်မျှ ပမာဏက
ဘယ်ဂါလံခွက်နဲ့မှ ချိန်လို့မရ
အချစ်တွေ အလွမ်းတွေနဲ့အတူ
တောင်ကုန်းမြင့်မြင့်
မျှော်စင်လေးထိပ်မှာ ချိတ်ဆွဲထားမယ်။
ငှက်ကလေးတွေ လာနားတဲ့အခါ
ဆည်လည်းသံတလွင်လွင်နဲ့
မင်းနဲ့ငါ့အလွမ်းကို
သူတို့ အသိအမှတ်ပြုလိမ့်မယ်
စာကြည့်တိုက်တစ်ခုမှာ မင်းနဲ့ ငါ့အနမ်းက
တိတ်ဆိတ်ခဲ့ပြီ။
သိမ်းထားပါ
မြုပ်နှံပါ
ရဲရင့်ပါ
စွန့်စားပါ
မြတ်နိုးတန်ဖိုးထားပါ။
တခါတခါ ပိတ်နေတဲ့ တံခါးကို
ခြေဆောင့်ကန်ဖွင့်ရသလို
ကံကြမ္မာကို လက်ဝါးစောင်းပြင်းပြင်းတစ်ချက်
ကျွေးပါ။
သူနာ ကိုယ်နာ
ရင်မနာဖို့ ဂရုစိုက်ပါ
ငါ့ အမှားမှာ သင်ခန်းစာ
ယူပါ
အိပ်ရေးဝ ၀ အိပ်ပါ
အိပ်ယာက နိုးလျှင်
ကမ္ဘာတစ်ဖက်က ငါ့ကို
မင်းငိုသံတွေနဲ့ နှိုးလိုက်ပါ။
ဟန်မဆောင်တတ်တဲ့ မင်းကို
ငါ စိတ်နဲ့ လက်ဆွဲနှုတ်ဆက်ချင်တယ်။
ငါချစ်တဲ့ မင်းတစ်ယောက် ကျန်းမာပျော်ရွှင် စိတ်တိုင်းကျသူ ဖြစ်ပါစေ ။
ချစ်သော
ရွှေအိမ်စည်

0 comments:
Post a Comment