by Shwe Aeim Sion Thursday, January 12, 2012 at 5:13pm ·

မှန်ရှေ့မှာဟတ်ဟတ်ပက်ပက်ရယ်မောကြည့်လိုက်ရင် သင်တို့မျက်နှာမှာရှိ တဲ့အင်္ဂါအစိတ်အပိုင်းတွေထဲက ပုလဲလုံးလေးတွေလို့ အများကတင်စားကြတဲ့ သွား လေးတွေမြင်ရပါလိမ့်မယ်။ အလှအပတစ်ခုအနေနဲ့ ပြောရရင်တော့အဓိကကျတဲ့ ရှေ့သွားလေးတွေရဲ့ညီညာလှပမှု၊ အရောင်အဆင်းဖြူဖွေးတောက်ပမှု၊ အပြစ်အနာ အဆာကင်းရှင်းမှုတွေဟာ လူတစ်ယောက်ရဲ့ရုပ်လက္ခဏာကို များစွာပြောင်းလဲစေ ပါတယ်။
ရှေ့သွားတွေကတော့လှပါရဲ့။ နောက်သွားတွေတော့မရှိတော့ဘူးဆိုသူ တွေဟာ အစာစားရာမှာ အဆင်မပြေသလိုစကားပြောဆိုတဲ့အခါမှာလည်း အသံ မပီသခြင်း၊ ပါးရိုးချိုင့်ပြီး ပုံမှန်ထက်အိုစာသွားခြင်းတွေဖြစ်လာပါမယ်။ တစ်ဦးနဲ့ တစ်ဦးတွေ့ဆုံလက်ခံစကားပြောကြတဲ့အခါ မိမိအနားကလူဟာ သွားတွေဝါထိန် နေမယ်၊ ကွမ်းတွေစားပြီး ပါးစောင်နဲ့နှုတ်ခမ်းတွေနီရဲပေကျံနေမယ်၊ ရှေ့သွားတွေ ပဲ့ရွဲ့နေပြီး ပိုးစားပေါက်တွေရှိနေမယ်၊ ခံတွင်းက အနံ့ဆိုးတွေရနေမယ်ဆိုရင် ဘယ်လောက်ပဲ ငွေကြေးဥစ္စာပြည့်စုံနေပါေ စ“ဒီလူကကိုယ့်ကိုကိုယ် ဂရုမစိုက်ဘဲ ပြီးစလွယ် နေတတ်တဲ့သူ”လို့ အထင်ခံရမှာသေချာပါတယ်။
ခံတွင်းကအနံ့ဆိုးတွေရနေရတဲ့အကြောင်းအရင်(၂)ချက်ရှိပါတယ်။ ပါးစပ်ထဲ ကလာတဲ့အနံ့ဆိုးတွေနဲ့ ကိုယ်ခန္ဓာအတွင်း ရင်ခေါင်းထဲမှာဖြစ်တဲ့အနံ့ဆိုးတွေပါ။ စူးရှတဲ့အစားအသောက်တွေဖြစ်တဲ့ ကြက်သွန်ဖြူနဲ့တညင်းသီးဟာ စားပြီးပြီးချင်း လတ်တလောအချိန်မှာနံတတ်ပါတယ်။ ခံတွင်းထဲကလာတဲ့ အနံ့ဆိုးကတော့ သွား တွေမှာကပ်ငြိနေတဲ့အစာကြွင်း၊ အစာဟောင်းတွေနဲ့ သွားဖုံးသားရောင်ပြီးသွား အခြေက ကျောက်တွေကြောင့် အများဆုံးဖြစ်တတ်တယ်။ အဲဒီကျောက်တွေကို ဖယ်ရှားပြီး စနစ်ကျတဲ့သွားတိုက်နည်းနဲ့တစ်နေ့ကို (၂)ကြိမ်လောက်သွားတိုက်ပေး မယ်ဆိုရင် ခံတွင်းနံ့ကတဖြည်းဖြည်းပျောက်သွားပါလိမ့်မယ်။
သွားတိုက်တဲ့အခါ လျှာရဲ့အတွင်းပိုင်းကိုလည်း သန့်ရှင်းအောင်တိုက်ပေးဖို့လိုပါတယ်။ ကိုယ်ခန္ဓာတွင်း က လာတဲ့အနံ့ဆိုးတွေကတော့ အပူများသူတွေမှာဖြစ်တတ်ပါတယ်။ ၀မ်းမှန်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ့်အပြင် မကြာခဏ ၀မ်းနှုတ်ပေးသင့်ပါတယ်။ ခံတွင်း နံ့မနံအောင်သန့်ရှင်းရေးနဲ့ပြု
ပင်ကုသရေးကလည်း အရေးကြီးတယ်။ အရည်ရွှမ်း တဲ့အသီးအနှံများများစားပေးရမယ်၊ အစာစားပြီးတိုင်းလည်း ရေများများနဲ့ ပလုတ် ကျင်းပေးရမယ်၊ သိပ်နံနေတယ်လို့ထင်ရင်တော့ ငုံဆေးလေးတွေသုံးနိုင်ပါတယ်။ အဲဒီ့အခါ အထူးဂရုစိုက်ရမှာ ခံတွင်းထဲကအစာကျန်တွေကိုတော့ သန့်စင်အောင် မလုပ်ဘဲ ငုံဆေးသုံးနေမယ်ဆိုရင် အမှိုက်ပုံးနားမှာ ရေမွေးဆွတ်သလိုပဲဖြစ်နေမှာပါ။
အဲဒီတော့ ခံတွင်းသန့်စင်ဆေးရည်တွေ၊ ငုံဆေးတွေဟာ သုံးသင့်သလား၊ ကောင်းသလား၊ မကြာခဏသုံးရင် ဘာဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းေ
တွပေါ်ထွက်လာ ပါတယ်။ ဒါကလည်း အထက်ကပြောခဲ့သလို သွားမှာ ရောဂါတစ်ခုခုဖြစ်ရင် ပျောက် အောင်မကုဘဲ အပေါ်ယံလေးဂရုစိုက်ပြသလို ဖြစ်နေမယ်။
ပြုပြင်ကုသပြီးရင်တော့ ငုံဆေးသုံးနိုင်တယ်။ “တန်ဆေးလွန်ဘေး”ဆိုတဲ့အတိုင်း သူ့ရဲ့အညွှန်းအတိုင်းပဲ တိတိ ကျကျသုံးပါ။ ပါးစပ်ထဲမှာ ဘက်တီးရီးယားပိုးတွေရာပေါင်းများစွာရှိနေပါတယ်။ အဲဒီ့အပိုင်းတွေဟာ သွားကြိုးသွားကြားမှာရှိနေတဲ့ အစားကြွင်းကျန်တွေထဲမှာ ရှင် သန်ပေါက်ဖွားရာက သွားတွေရဲ့အသားလွှာတွေကို ဆွေးမြေ့ပြီးသွားပိုးစား တတ်တယ်။ အဲဒီ့အပြင် သွားရဲ့အခြေထဲမှာ သွားချေးတွေတက်ရာက ပိုးတွေပေါက် ဖွားပြီး သွားဖုံးတွေရောင်လာမယ်။ သူတို့မပေါက်ဖွားနိုင်အောင် သူတို့ရဲ့ရိက္ခာ တွေမရှိအောင် သွားကိုစနစ်တကျသန့်ရှင်းရေးလုပ်
ပြီး ကာကွယ်နှိမ်နင်းနိုင်တယ်။
သွားနဲ့သွားဖုံးကို ဒုက္ခမပေးနိုင်အောင်၊ သွားပိုးစားခြင်းကို သက်သာအောင် ဖလိုရိုဒ်ပါတဲ့သွားတိုက်ဆေးနဲ့ စနစ်မှန်တဲ့သွားတိုက်နည်းကိုသုံးသင့်ပါတယ်။
သွား တိုက်တဲ့အခါ အမျှင်တွေနူးညံ့ပြီးထိပ်ဖျားမှာလုံးနေတဲ့သွားတိုက်တံကို ရွေးသုံးပါ။ မာ ကျောတဲ့အမျှင်တွေဟာကြွေလွှာတွေကိ
ု အစင်းကြောင်းတွေဖြစ်စေတယ်။ သွား ပွတ်တံမှာ သွားတိုက်ဆေးထည့်ပြီး အပေါ်သွားကို အပေါ်မှအောက်သို့တဖြည်း ဖြည်း တစ်နေရာတွင် (၁၀)ကြိမ်တိုက်ပေးပါ။
သွားရဲ့ဝါးတဲ့အတွင်းအပြင်မျက်နှာပြင် အားလုံးကို နှံ့စပ်အောင်တိုက်ရမယ်။ အောက်သွားတွေကိုလည်း အောက်မှအပေါ် သို့ တစ်ဘက်သတ်လိုက်ရပါမယ်။ ဟိုးတုန်းကတော့ ဆား၊ မီးသွေး၊ ဖွဲပြာတွေနဲ့ သွားတိုက်ခဲ့ကြပေမယ့် မျက်မှောက်ခေတ်မှာတော့ လက်မခံကြတော့ပါဘူး။ သူတို့ ရဲ့ကြမ်းတမ်းတဲ့အမှုန့်တွေဟာ သွားတွေရဲ့အပေါ်ယံကြွေလွှာတွေကို ထိခိုက်ပျက်စီး စေပါတယ်။ သွားတိုက်ဆေးဟာ ကြွေလွှာတွေကို မထိခိုက်ဘူး၊ ခံတွင်းအနံ့ဆိုး တွေပျောက်စေတယ်၊ သွားပိုးစားခြင်းကိုကာကွယ်တယ်၊ ဒါကြောင့် သွားတိုက်ရင် သွားတိုက်ဆေးနဲ့သာတိုက်သင့်တယ်လို့ သွားဆရာဝန်တွေက ညွှန်ကြားကြတာဖြစ် ပါတယ်။
လူတွေရဲ့အမူအကျင့်အစွဲအလန်းတွေကလည်း သွားတွေရဲ့အလှအပကို ပျက်စီးစေပါတယ်။ ချိုပြီးစေးကပ်တဲ့ အစားအစာတွေ (ဥပမာ) ချော့ကလက်၊ ကရေကရာ၊ ကပ်စေးနှဲ၊ မာကျောကြမ်းတမ်းပြီး တစ်ချိန်လုံးကြိတ်ဝါးနေရတဲ့ ကွမ်း သီး၊ ကွမ်းယာတွေဟာလည်း သွားကို အရမ်းဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ဒီလိုအစားအစာတွေလုံးဝရှောင်ပါ။ မရှောင်နိုင်ရင်လျှော့စားပါ။ မလျှော့နိုင်ရင် စားပြီးတဲ့အခါ ရေများများနဲ့ပလုတ်ကျင်းပေးရပါမယ်။ ဆေးလိပ်အလွန်အကျွံ သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်း၊ လက်သည်းကိုက်ခြင်းတွေဟာ သွားတွေ ကို ထိခိုက်စေပါတယ်။
အဲဒီလိုအပြုမူတွေကြောင့် သွားတွေက၀ါလာ၊ ကွမ်းချေးတွေ က စွဲကပ်လာမယ်။ အဓိကသွားအရောင်တင်ကြသူတွေက အလှအပကြိုက်သူတွေ၊ ပြည်ပထွက်မယ့် သင်္ဘောသားတွေ၊ အင်တာဗျူးဖြေမယ့်သူတွေပါ။
သွားတွေဟာ လူတွေအတွက် အရမ်းအကျိုးပြုသလို သူ့ကိုဂရုမစိုက်ရင်လဲ အရမ်းဒုက္ခပေးတတ်တယ်။ သွားကို ဂရုမစိုက်ဘဲထားမိရင် သွားပိုးစားရောဂါ၊ ရေစီး ကမ်းပြိုရောဂါဖြစ်ရာကသွားတွေကျွတ်ပြီး ဆုံးရှုံးနိုင်တယ်။ သွားပိုးစားရောဂါက တဆင့် သွားမြစ်ထိပ်ပြည်တည်နာဖြစ်ပြီး လူကိုသေစေနိုင်တဲ့အထိဒုက္ခပေးနိုင်ပါ တယ်။ ပဲ့ရွဲ့နေတဲ့သွားတွေ၊ ပျက်စီးစပြုနေတဲ့ စိုက်သွားတွေကို ပြန်မပြုပြင်ရင် ပါးစပ်ထဲမှာ အနာလေးတွေဖြစ်ရာက ကင်ဆာရောဂါထိဖြစ်နိုင်ပါတယ်။ အံဆုံး ပေါက်ခြင်း၊ အပိုသွားပေါက်ခြင်း၊ သွားမညီမညာပေါက်ခြင်းဗူငါညာနညအ မမှန်ကန် ခြင်းတွေကို ပြန်မပြုပြင်ရင် တချိန်ချိန်မှာဒုက္ခပေးတတ်ပါတယ်။

“၀မ်းတလုံးကောင်း ခေါင်းမခဲ”လို့ ဆိုရိုးစကားရှိသလို ၀မ်းမှန်ရန် အစားအစာ ကို ၀ါးစားနိုင်ဖို့သွားတွေဟာ အဓိကအရေးပါနေပါတယ်။ အစာကိုကြေညက် အောင်ဝါးစားနိုင်မှ ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရကိုအပြည့်အ၀ရမှာဖြစ်ပြီး ကျန်းမာသန်စွမ်းနိုင်မှာပါ။ အများရဲ့အလည်မှာတွေ့ဆုံစကားပြောဆိုကြရင် လေယူ လေသိမ်းမှန်ကန်တိကျဖို့လိုပါတယ်
။ သွားခေါနေမယ်၊ သွားတစ်ချောင်းလျှော့နေလို့ လေထွက်နေမယ်ဆိုရင် မိမိရဲ့အားနည်းချက်ကို ဖုံးဖိနေရလို့ ယနေ့ခေတ် လူမှုဆက် ဆံရေးအပြင် နိုင်ငံတကာမှာလည်းအများကြီး အခက်အခဲဖြစ်လာနိုင်ပါတယ်။
တချို့ နိုင်ငံတွေမှာ လူတွေရဲ့သွားမှတ်တမ်းတွေထားရှိကာ လူတစ်ယောက်ကိုစစ်ဆေးဖို့ အဲဒီလူရဲ့ သွားအနေအထားကိုကြည့်ပြီးဆုံြး
ဖတ်ကြတယ်။ အဓိက ကတော့ သေဆုံး သွားသူတွေရဲ့ ပျက်စီးနေသောလူရုပ်အလောင်းအစား သွားမှတ်တမ်းတွေကို ကြည့် ပြီး မှုခင်းစစ်ဆေးနိုင်ကြပါတယ်။
ဆရာဝန်တွေနဲ့ လက်လှမ်းမမီတဲ့ဒေသတွေမှာတော့ ဒုက္ခပေးနေတဲ့ သွားနှင့် ခံတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ပလုတ်ကျင်းခြင်းတွေအပြင် ဆားရည်နွေးနွေးလေး နဲ့ တစ်နေ့(၃)ကြိမ်ငုံပေးရမယ်။ ငယ်စဉ်ကတည်းကနေ သေဆုံးတဲ့အချိန်အထိ အစာစားဖို့ နေ့စဉ်သွားတွေကိုသာ အားထားနေကြရတာပါ။ မိမိကိုယ်တိုင်သာမက ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဖြစ်နေပြီဆိုရင်ပဲ သန္ဓေသားလေးငါးလအရွယ်က စပြီး မိခင်ဟာ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရမယ်။ တက်တရာဆိုက်ကလင်းလို ပဋိဇီဝဆေးတွေမလိုအပ်ဘဲ ကြာရှည်သောက်ရင် သွားတွေရဲ့အရောင်ပျက်စီးစေတတ်လို့ ရှောင်ရှားရပါမယ်။ ကလေးမွေးဖွားလာပြီး သွားမပေါက်ခင်အချိန်မှာတောင် သွားပေါက်လာမယ့် သွားဖုံးလေးတွေကို သန့်ရှင်း ရေးလုပ်ပေးရမယ်။
အဲဒီသန့်ရှင်းရေးကို ငယ်စဉ်ကတည်းကမလုပ်မိလို့ အခုမှစလုပ်မယ်ဆိုရင် လည်း အချိန်နောက်မကျသေးပါဘူး။ ပျက်အစဉ်ပြင်ခဏဆိုသလို ဘယ်အချိန်စစ ရပါတယ်။ သွားတွေမှာ ပိုးစားပေါက်တွေရှိနေလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အဲဒီ အပေါက်ထဲက အစာဟောင်းတွေဟာ အလွယ်တကူမထွက်ဘဲ လူကြားထဲမှာ သွား ကြားထိုးနေရတဲ့ ဒုက္ခကမသေးပါဘူး။ အစာကိုထုတ်ရင်း အခန့်မသင့်ရင် အာရုံကြောကိုထိပြီး ချက်ခြင်းလက်ငင်းကျင်သွားတာတို့၊ သွားကိုက်တာတို့ ခံစားရ လိမ့်မယ်။ သွားအခြေတွေဟာ ကျောက်တွေတည်နေပြန်တော့လည်း သွားတိုက်ရင် သွေးထွက်မယ်၊ သွားဖုံးသားတွေ နီရဲပြီးရောင်နေမယ်။ အနံ့ဆိုးတွေလဲထွက်လာ မယ်။ ဒါတွေကိုပြုပြင်လိုက်ခြင်းကြောင့် မူလတုန်းကလို သွားလှလှလေးတွေ ပြန်ပိုင်ဆိုင်နိုင်ပြီပေါ့။
ဖြူဖွေးသန့်ရှင်းတဲ့ သွားပိုင်ရှင်ဖြစ်ဖို့ သွားနဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသု တတွေရှိနေရပါမယ်။ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံနှုတ်ဆက်ကြရင် သွားကလေးတွေ ပေါ်အောင်လှစ်ကန်ပြုံးရယ်ကြရတာဆိုတော့ ဘယ်နေရာရောက်ရောက် ကိုယ့် ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ရဲရဲတင်းတင်းတက်တက်ကြွကြွ ရယ်မောပျော်ရွှင်နိုင် ပါစေလို့ ဆန္ဒပြုလိုက်ရင်း...
အွန်လိုင်းမှဖတ်မိသောကျန်းမာရေး..စာတမ်းများ
http://www.facebook.com/groups/362188550462575/
(ဒီနေရာလေးမှာ..ကျမနဲ့ အာလူးပူတီ တို့ က...ကျန်းမာရေးစာပေများကိုဒါနပြုထားပါတယ်..)
ချစ်ခင်လေးစားသော
ရွှေအိမ်စည်
0 comments:
Post a Comment