စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, February 23, 2012

ကမ္ဘာ့ကဗျာနေ့(မတ်ခ်ျလ- ၂၁ ရက်နေ့ )

by Shwe Aeim Sion Wednesday, February 22, 2012 at 2:34pm ·

ကမ္ဘာ့ကဗျာနေ့(မတ်ခ်ျလ- ၂၁ ရက်နေ့ )

ကမ္ဘာ့ကဗျာနေ့ ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကနေ စတင်ပြီး ကမ္ဘာ့ကဗျာနေ့ကို မတ်လ ၂၁ ရက်နေ့တိုင်းမှာ ကျင်းပဖို့ UNESCO ကသတ်မှတ်ခဲ့ပါတယ်။ ဒီနေ့မှာ ကမ္ဘာအရပ်ရပ်က ကဗျာဆရာတွေနဲ့ ကဗျာမြတ်နိုးသူတွေဟာ ကဗျာတွေ ရွတ်ဆိုကြ၊ ကဗျာနဲ့ ပတ်သက်တဲ့ စာတမ်းတွေဖတ်ကြတယ်။ ကဗျာ့ကဝိတွေကို ဆုချီးမြှင့်ကြပါတယ်။ ကိုယ့်နိုင်ငံက ကဗျာတွေအကြောင်း၊ ကမ္ဘာ့ကဗျာတွေအကြောင်း၊ ကဗျာ့ယဉ်ကျေးမှု ရေစီးကြောင်း စတာတွေကို အဲဒီနေ့မှာ ဆွေးနွေးကြပါတယ်။ ကဗျာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေကို လုပ်ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ကဗျာဆရာတချို့ ကမ္ဘာ့ကဗျာနေ့ကို ကျင်းပနေကြပါတယ်။ ကဗျာရွတ်ပွဲ၊ ကဗျာ သရုပ်ဖော်ပွဲ၊ စာတန်းဖတ်ပွဲတွေကို ရန်ကုန်ယုဒသန်ခန်းမမှာ ဒီနေ့လယ် ကျင်းပနေပါပြီ။ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကဗျာနေ့ကို သီးသီးသန့်သန့်ကျင်းပတာ ၁၀ စုနှစ် တခုလောက်ပဲ ရှိပါသေးတယ်။




ခေတ်ပေါ်ကဗျာသို့ အမှတ်ရချက်များ......စိုင်းဝင်းမြင့်(၁၉-၇-၂၀၀၆)

ကမ္ဘာမှာ
အာဇာနည်နေ့ ရောက်လာတယ်
တော်လှန်ရေးနေ့ ရောက်လာတယ်
ကမ္ဘာမှာ
မိခင်များနေ့
ကမ္ဘာ့ကဗျာနေ့
မောင်ချောနွယ်နေ့ ရောက်လာတယ်
ဟောသည်
လသွားယဉ်တွေခေတ်မှာ
ကျွန်တော်တို့ ရင်ခုန်သံများနဲ့ ကဗျာဟာ
ခြောက်ဖက်သံကြား ဖြစ်ရမယ်တဲ့
ဖြောင့်ထားသော အချက်အလက်
မြန်မာ့စာပေမှာ ခေတ်ပေါ်ကဗျာ ခြေချလို့
လကမ္ဘာမှာ ခြေရာထင်လို့
ဒိုင်နိုဆော စောခဲ့တယ်။
ဗလမရှိပေမဲ့ 'ဇ' ရှိခဲ့တယ်
မောင်ချောနွယ် ရပ်ကွက်ကိုရောက်ရင် ပြောပါ
ဖေဖေနဲ့ မေမေတို့ မင်္ဂလာဧည့်ခံပွဲဆိုလား
ဝတ်ကောင်းစားလှတွေဝတ်ပြီး ထွက်သွားလေရဲ့။
ခင်ဗျားမေးတာလည်း မဟုတ်ဘူး
ကျွန်တော်ဖြေတာလည်း မဟုတ်ဘူး
ဒီကြားထဲက တစ်ခု
မောင်ချောနွယ်သာ ကမ္ဘာကြီးကျယ်တယ်လို့ မယူဆခဲ့ရင်
ခေတ်ပေါ်ကဗျာကို တွေ့ခဲ့မှာမဟုတ်ဘူး။
သူရောက်လာတယ်
ဂွည်ထည်နဲ့ မလုံလောက်ဘူးထင်လို့
အမေ့သားအိမ်ကနေ ကမ္ဘာ့သားအိမ်ကြီးထဲ
တစ်လောကလုံး ကျုပ်လုပ်စာ ထိုင်စားနေကြတာချည်းပဲ
ခါးထောက်မောက်မာလို့။
လမ်းတူရင် လူချင်းတွေ့မှာပါ
အခုတော့
တအိုင်အိုင်နဲ့ကွာ
ခြေမတစ်ဖက် ဟိုဘက်ထိုးရမလို
ဒီဘက်လှည့်ရမလို ဖြစ်နေတာ။
ပြည်တွင်းဖြစ် နိုင်ငံခြားအရက်
လောကဓံတရားထက်ပြင်းတဲ့ မချစ်ရဲ့အရက်
တစ်ကမ္ဘာလုံးမူးအောင် သူချက်ခဲ့တယ်။
မဂ္ဂဇင်းမှာ ကျွန်တော့်ကဗျာတွေ အများကြီးပါတော့
ဗုံးကြဲတိုင်း ဘင်လာဒင်ကို မိတာမဟုတ်ဘူး
ငေါက်ငမ်းခဲ့တာ လွမ်းစရာ
ဝင်းမြင့်က အကြည်ဓာတ်လေးရနေပြီ
မိုးဝေးက ရေနံအစမ်းတွင်းတစ်တွင်း
မင်းက ဒန်အိုးဒန်ခွက်တွေ လုပ်ချင်တယ်
အတည်ပြောတာ ချောပလီ။
အပျော်ပန်းတွေ တဝေေ၀နဲ့
တို့တတွေ နေကြရအောင်. . .တဲ့
ပထမမြို့တော်မှာ သက်တံရေးဆွဲလို့
ငါ့ကို ပစ်ထား စိမ်းကားကြတယ်ပေါ့လေ
ဟေ့ကောင် ခက်ထန်
မင်းတို့ သစ်တောလမ်း
ဗုံးလာကြဲပစ်မယ်။
သစ်သား ဘတ်(စ်)ကားအိုကြီးပေါ်
မာယာကော့စကီးနဲ့ အတူတွယ်စီးတော့
ဒီတစ်ခါ
ကိုချောလို့ခေါ်ရင်
လမ်းတစ်ဝက် ခုန်းဆင်းမယ်
"ဦးချော" လို့ခေါ်။
ယောက်ျားချင်း ချစ်တဲ့အချစ်
အဲဒီဗိုင်းရပ်စ်ပိုးကို အရင်တွေ့ခဲ့တာ
ကန်စွန်းပလိန်းတော့ မမှာပါနဲ့ကွာ
စိတ်နာလွန်းလို့
ကဗျာကို ကြောက်ကြောက်လန့်လန့်နဲ့
စွန့်စွန့်စားစားနဲ့ စွန်းစွန်းထင်းထင်း ရေးခဲ့ ချစ်ခဲ့
အပင်ပေါ်မှာ သူ့အလိုလိုမှည့်နေတဲ့ ပင်မှည့်တေး
ဘိလပ်ရည်လို တန်းစီထုတ်လို့ မရဘူး။
ကဗျာဆရာ ကဖေး တစ္ဆေကဖေး
အတိတ်အကြောင်း များများရေးပြီး
ကိုယ့်အကြောင်း နည်းနည်းတွေးလို့
သစ်တော်သီးအခွံတွေ ဘယ်ပစ်လိုက်လဲ...ချာတိတ်ဆိုတော့
ကျွန်တော် စားပစ်လိုက်ပြီခင်ဗျာ့ပေါ့
မီးသွေးရပြီ
မီးရဲ့သွေး
မီးကိုသွေး
လမ်းသွားရင်း ကဗျာကြည့် ကြည့်မြင်။
ကျွန်ုပ်ချစ်သော ကဗျာပရိသတ်များ
ဤကဗျာအား ကူးယူရွတ်ဆိုနိုင်ပါကြောင်း
မောင်ချောနွယ်ဆိုသော တန်ဖိုး၌
ရွာသွန်းသောမိုးမှာ
ပိုးမွှားများ ကင်းစင်ပါစေသတည်း။
အရက်ဖြူကို ယဉ်ကျေးမှုမြှင့်သောက်လို့
စီစီဖတ်ရဲ့ကျောက်တုံးကြီးကို
နေ့စဉ် နေ့စဉ် တွန်းတွန်းတင်လို့
ပင်လယ်လေရှူသူတဲ့
အရိပ်ခြွေသစ်ပင်တဲ့
သူငယ်ချင်း ညီအကိုတစ်တွေတဲ့
အသစ်အဆန်းနဲ့ ရွှင်လန်းလို့။
အခု
တောင်ကုန်းအမှတ် ၂၀၀၂
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
တစ်တွဲတည်းနဲ့ အပြီးတင်မယ့်ရထား
ရထားပေါ်မှာ
တိုင်းကျော်ပြည်ကျော်ဆတ်သွား
မစ္စတာကြိမ်းပကားနဲ့ ဂျုံးနီ
အခုဆို တစ်နေ့ကို အချက်သုံးဆယ်ပိုရိုက်ခံရရှာသူ
ပေတိုး
ရထားကတော့ မသာရထားပဲ။
ရထားပေါ်မှာ
ထမင်းအသိုးများကိုသာ မျှော်လင့်သော
မျှော်လင့်ခြင်း ထမင်းသိုးများ
ဒီဒုက္ခလေး ငါ့ကိုမျှပါ
ရထားပေါ်မှာ
မအောင်မြင်တဲ့ မောင်လူထွား
ယာကွပ်
မစ္စတာ ဒဗလျူကလက်
မမတင် ကျောင်းထွက်တွေ
မြို့သစ်မိုးကိုဖြတ်လို့
ကိုက်လမ်းအတိုင်း သွားလို့
ရထားကတော့ မသာရထားပဲ။
ရထားပေါ်မှာ
ဘ၀ကို ပွဲတော်လို့ တွေးခေါ်သူနဲ့အိမ်ငေးသူ
ရထားပေါ်မှာ
ဖျံဖမ်းသမား
ဖျံတွေရဲ့ အသွားအလာကို စောင့်ကြည့်လို့
ရထားဟာ ဂေါ်ကီရပ်ကွက်ကိုဖြတ်လို့
ရထားပေါ်မှာ
ရင်ကိုခွဲပြပေမဲ့
ဘာမဆိုလွဲခဲ့ရသူ
သစ္စာပန်းများနဲ့မေလ
အချစ်အကြောင်းပြောတဲ့ညမှာ
မစဉ်းစားခြင်းသေတ္တာကိုဖွင့်လို့
မရှိတဲ့စာကိုစီကိုလို့
ရထားပေါ်မှာ
ကြယ်ပြာကလေးနဲ့ ထမင်းစားပြီးတဲ့နောက်
မောင်ချောနွယ်အတုကလေ
မျက်လှည့်ဆရာရဲ့ ဘင်ကိုမှဝယ်မယ်တဲ့
ရထားပေါ်မှာ
မစ္စတာလန်ဒန်
မစ္စတာတိုနီဘလဲ
လွှဲချက်မြန်တဲ့ နာရီချိန်သီးတွေနဲ့
သံတုံးသံခဲတွေကို ဆွတ်ဆွတ်နေတဲ့
မစ္စတာချာလီ။
ဥာဏ်ကြောင့် ဒုက္ခရောက်ရတဲ့ ခရီးစဉ်
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့
ခင်းဗျားဟာ နတ်တို့ခိုးဝှက်ခြင်းခံရတဲ့ ကဗျာပဲ
ကဗျာဆရာကွယ်လွန်တဲ့အခါ
ကဗျာနဲ့ သရဏဂုံတင်ရပါတယ်။ ။
*************************************
..လူတိုင်းကဗျာရေးသင့်တယ်လို့ ၊ပျော်ရွှင်ခြင်းဟာလည်းကဗျာဖြစ်
သလို
စိတ်ညစ်ခြင်းဟာလည်းကဗျာပါပဲ...ကာရန်တွေညီချင်မှညီမယ်.....
ဒါပေမယ့်ဖတ်သူနဲ့ ရေးသူကြားနားလည်မှုရှိရင်..ကဗျာလို့ ပဲယူဆမိပါတယ်..

ကဗျာချစ်မြတ်နိုးသူတိုင်းပျော်ရွှင်ချမ်းမြေ့ ပါစေ

... စာကဗျာချစ်တဲ့ 
ရွှေအိမ်စည်shweaeimsi@gmail.com

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙