စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, February 13, 2012

ကြေမွသွားသောဘဲဥတစ်လုံးအကြောင်း

ကြေမွသွားသောဘဲဥတစ်လုံးအကြောင်း

''.. အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ''။ အိမ်ကမထွက်ခင်နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး
ကြည့်လိုက်တာတို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကောဘာသားနဲ့ထုထားတာမို့လဲ..

... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...

ဟယ်တော့.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများ အားပါးတရကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများ မစိုးရိမ်ဘူးလားမသိပါဘူး။တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေး ခိုးကြည့်နေရတာကကိုရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာ အကြောင်းမဟုတ်ပေမဲ့တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လား လူဆိုးလေးရေ။

ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊
ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။ အဲဒီကတည်းကအရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေ ကံကောင်းလိုက်ပုံများကတော့ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲ ရှေ့တည့်တည့်မှာတော့။ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီ စုတ်ရောလာဘ်ရောဝင်ကိန်းရှိတယ်တဲ့။အို.. လာဘ်မ၀င်ရင် နေပလေ့စေ၊စုတ်ဝင်ရင်ပြီးရော။

အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။
ဒီအခွင့်အရေးမျိုးတော့ လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့အလုပ်ခွင်မှာ သူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး ကူညီပါရစေကူညီပါရစေ ဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန် နှစ်ခေါက်သုံးခေါက်ဖြတ်လျောက်ပြစ်တာ၊ တို့ကို မျက်လုံးလေးတောင်လှန်မကြည့်ဘူး။ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့ ချောစုခင်လို အသံကုန်ပဲအော်လိုက်ချင်တော့တယ်။

ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာက တို့တွေရဲ့အကျင့်။ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေ အဲဒီအကျင့်ကပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။ အဲ ၁၇ နဲ့ ၁၈
ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့်တို့ရဲအသည်းလေး မသိစေနဲ့။
ကောင်လေးရဲ့မွေးနေ့ကိုတော့ နည်းမျိုးစုံသုံးပြီးစုံစမ်းလိုက်တာ တို့သိသွားပြီ။ မွေးနေ့ကျရင်သူလေးပါးစပ်အဟောင်းသားနဲ့အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေ အားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျတွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကို တဖြုတ်ဖြုတ် ကြွေကျသွားရမယ်။တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီး ဘုရားသွားကျောင်းတက် အတူတူပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာ မဝေးတော့ပါဘူး။

အိပ်မက်ဆိုလို့ မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။လူဆိုးလေး.. အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲရောက်ရင် သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင်ရှိသမျှထဲက အကောင်းဆုံးကိုဝတ်။ ကဲ.. အလုပ်သွားရမှာတောင်မအောင့်နိုင်တောဘူး။ နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက်
ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး.. ပန်းစည်းကမိန်းကလေးတွေ အတွက်ပဲဟာ။ အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီးကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကောဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်း တို့ကိုတွေ့မှ နှလုံးတွေ
ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ..ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ
နှလုံးငြိမ်မှာပေါ့။

ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကို အစောကြီးရောက်နေပါလား။ တခြားသူတွေတောင်မရောက်သေးဘူး။ တို့ကတော့ ထားပါတော့ စိတ်ကလောနေလို့ စောစောရောက်တာ။သူကရောဘာလို့ စောရောက်နေရတာလဲ။ တို့နှစ်ယောက် နှလုံးသားချင်းဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ ရာသီဥတုက တို့ဘက်ပါတုန်းလှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ .. အင်း.. အခုမှသေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်း မကောင်းပါလား။သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။ သူ့စိတ်ကလေး
ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...

တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲ သူ့စာပွဲရှေ့ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာ နှစ်ခုရောထားတဲ့မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။

“ဟေ့  ယူ..” လို့ တို့ ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ ဆုံးခေါ်ပြီး၊ လက်ထဲက
ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး..
“.. ရော့..စိတ်ညစ်နေရင်.....ဒါလေးစားလိုက်ပါလား.. ”

“အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်..”

အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...

အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..


ပျော်ပါစေနော်

ဝန်ခံချက်....

ခုတလော..ကျမသူငယ်ချင်းတယောက်..ပုံအမျိုးနဲ့ တွေ့ ရတယ်ပုလဲ ပုတီးနဲ့ ပုံတွေ...ပြိးတော့..အဲ ..
ကိုယ့ိုကိုယ့်ကြည့်မ၀ဖြစ်နေတဲ့ သူငယ်ချင်းတယောက်ပေါ့....

ခင်မင်သော
ရွှေအိမ်စည်

1 comments:

  1. အိုကေ ကြိုးစားလိုက် မရွှေ အစဆိုတော့ လိုအပ်တာတွေရှိနေအုံးမယ် ဖြည်းဖြည်းခြင်း မျှဝေလိုက်ရအောင် နော် .....

    ReplyDelete

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙