စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)
စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday, February 13, 2012

ဗင်လင်တိုင်းရေ...မလာပါနဲ့ 

ဗယ်လင်တိုင်းရေ
ရောက်မလာပါနဲ့ 
ချစ်သူစွန့် ခွာထားခဲ့ တဲ့ ငါကို
မသိဟန်ဆောင်ထားလိုက်ပါ။

နေမင်းကြီးရေ
အရမ်းကြီး မပူလိုက်ပါနဲ့
အရိပ်မိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ ...

မိုးမင်းကြီးရေ
အငြိုးအတေးတွေနဲ့
မိုးတွေ ဒလဟောမသွန်ဖြိုးလိုက်ပါနဲ့
ထီးမိုးပေးမဲ့ ချစ်သူမရှိတော့လို့ပါ ...

ဆောင်းနှင်းတို့ရေ
တဖွဲဖွဲ ကျမနေပါနဲ့ နှင်းမှုန်တွေကြားမှာ
နှင်းခဲတွေနဲ့ ဆော့မဲ့သူချမ်းအေးလွန်းရင်
ပြေးဝင်ခိုဖို့ ချစ်သူရင်ခွင်မရှိတော့လိုပါ ...

လေညင်းလေးတွေရေ
ငါ့ဆံပင်ကို မကျီစယ်ပါနဲ့
မျက်နှာပေါ်ဝဲကျလာတဲ့ ဆံပင်တွေ
ဖယ်ပေးမဲ့ချစ်သူမရှိတော့လို့ပါ ...

လမင်းကြီးရေ
ကောင်းကင်မှာ သာချင်တိုင်းသာမနေပါနဲ့
အနားမှာ သီချင်းဆိုပြမဲ့ချစ်သူမရှိတော့လို့ပါ ...

ချစ်သူရေ. . .
မင်းရဲ့ဝိညာဉ် ဘယ်သွားနေလဲ
ငါ ဒီမှာ . . . .
မိုးရွာရင်လည်း မင်းကိုလွမ်းတယ် ...
နေပူရင်လည်း မင်းကိုလွမ်းတယ် ...
ချမ်းအေးလွန်ရင်းလည်း မင်းကိုလွမ်းနေတယ်လေ ....

မျက်ရည်တွေ . . . မျက်ရည်တွေ

မင်းတို့ကရော ဘာလို့ထွက်လာရပြန်တာလဲ ...

မျက်ရည်သုပ်ပေးမယ့် ချစ်သူမရှိတော့ဘူးလေ
ထွက်မလာပါနဲ့ ...

အချစ်သစ်နဲ့ ပျော်နေသောချစ်သူသို့ 
ထပ်ဆင့်ခံစားလွမ်းလိုက်ပါသည်။

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙